----- အကုန်သိသတင်းဌာန -----
ထိုင်းရောက် မြန်မာလုပ်သားဒုက္ခသည်တွေ ခိုလှုံနေတဲ့ AAC ဂေဟာကို ထိုင်းပုလိပ်များ၊ ထိုင်းစစ်သားများ၊ ထိုင်းလဝကနဲ့ မြန်မာပွဲစားလက်ဝေခံများ၊ ထိုင်းပွဲစားလက်ဝေခံများ စတဲ့ အဖွဲ့တွေပူးပေါင်းပြီး အတင်းအဓမ္မ စီးနင်းဝင်ရောက် ဖျက်ဆီးခဲ့ကြပါတယ်။ ဒါဟာ ဥပဒေမဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး မီးဖျက်ရေဖျက်၊ စားနပ်ရိက္ခာဖျက်ခိုင်းကာ ဂေဟာမှာ ခိုလှုံနေတဲ့ မြန်မာတွေကို ညတွင်းချင်းထွက်သွားဆိုပြီး ပြန်ခိုင်းခဲ့တယ်လို့ ထိုင်ရောက် မြန်မာတစ်ဦး ကိုကြံတိုင်းအောင်က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
တင်ဆက် - အိဖြူသိမ့်၊ တည်းဖြတ် - သူရိန်
Video Crd: Kyan Tine Aung
10 ต.ค. 2018